တောင်သာမြို့နယ်၌ ပန်းခင်းစီမံချက်ရှင်းလင်းခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်

တောင်သာ မေ ၁၈

မန္တလေးတိုင်းဒေသကြီးမြင်းခြံခရိုင်တောင်သာမြို့နယ် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် တောင်လုလင် ကျေးရွာအုပ်စုအတွင်းရှိ  နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ကြိမ်တစ်ခါမှ ဆောင်ရွက်ခဲ့ဘူးခြင်း မရှိသူများကို ယမန်နေ့ နံနက် နာရီခွဲ အချိန်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တောင်သာမြို့နယ်ဦးစီးမှူးရုံး၌ စတင်ကာ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တောင်သာမြို့နယ် ဦးစီးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြဇော်ဦးက မြို့နယ်အတွင်း နေထိုင်လျက်ရှိသော မွေးရာပါ နိုင်ငံသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးအတွက် ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပန်းခင်းစီမံချက်အရ နေထိုင်မှုပုံစံများအလိုက် ဆောင်ရွက်ရမည့် နည်းလမ်းများကို ရှင်းလင်းပြောကြားသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့ရာတွင် နိုင်-(က) ကျား()ဦး၊ မ()ဦး၊ နိုင်-(က) ကျား()ဦး၊ မ()ဦး စုစုပေါင်း(၁၃)ဦးတို့အား နေ့ခြင်းပြီး နိုင်ငံသားစီစစ်ရေး ကတ်ပြားများကို ပြုလုပ်ဆောင်ရွက် ပေးခဲ့သည်။

ကျော်မျိုးနိုင်(တောင်သာ)