မိုင်းတုံ မေ ၁၆
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် အထက(မိုင်းတုံ) စာသင်ကျောင်းဝန်း၌ ယမန်နေ့နံနက် (၇) နာရီက နယ်မြေခံတပ်နယ်နှင့် ဌာနဆိုင်ရာများ စုပေါင်း၍ သန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။
အဆိုပါ သန့်ရှင်းရေးကို နယ်မြေခံတပ်နယ်မှ စစ်သည်များ၊ ဌာနဆိုင်ရာများနှင့် ဆရာဆရာမများ စုပေါင်း၍ မိုင်းတုံမြို့နယ်အတွင်းရှိ စာသင်ကျောင်းတိုင်းကို အပတ်စဉ်စနေနေ့တိုင်း ကျောင်းသန့်ရှင်း သာယာ လှပစေရေးအတွက် သန့်ရှင်းရေး ဆောင်ရွက်လျက်ရှိသည်။
ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းစာသင်ခန်းများနှင့် စာရေးခုံများများအား လိုအပ်သည့် ပြင်ဆင်ထိန်းသိမ်းမှုများကို ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူတို့က ကြိုတင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထို့နောက် သန့်ရှင်းရေးဆောင်ရွက်ကြသည့် နယ်မြေခံတပ်နယ်စစ်သည်များနှင့် ဌာနဆိုင်ရာများကို ဗိုလ်မှူးကြီးဇော်မင်းဦးက ကောက်ညှင်းပေါင်းနှင့် လက်ဖက်ရည်ကျွေးမွေးခဲ့ပြီး၊ ကော်ဖီနှင့်မုန့်ကို အထက (မိုင်းတုံ) ကျောင်းမှ တာဝန်ခံကျောင်းအုပ် ဒေါ်ပပဆွေတင့်မှ ဧည့်ခံပေးခဲ့ကြောင်း သိရသည်။
မိုင်းတုံမြို့နယ်