အင်းစိန်မြို့နယ်၌ပန်းခင်းစီမံချက်နှင့်စပ်လျဉ်းသည့်လုပ်ငန်းစဉ်များရှင်းလင်းပွဲကျင်းပ

 

အင်းစိန် မေ ၁၅

မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့်ဥပဒေအရ နိုင်ငံသားများအားဥပဒေ နှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်အမျိုးမျိုးထုတ်ပေးရေးအတွက် ပန်းခင်းစီမံချက်နှင့် စပ်လျဉ်းသည့်လုပ်ငန်းစဉ်များရှင်းလင်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန် မြောက်ပိုင်းခရိုင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ရန်ကုန်မြောက်ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူး ဦးယဉ်ထွန်းမှ ပန်းခင်းစီမံချက်နှင့်စပ်လျဉ်း၍ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ ပန်းခင်းစီမံချက်လုပ်ငန်းစဉ်များ နှင့် ပတ်သက်၍ မရှင်းလင်းသည်များကို မေးမြန်းဆွေးနွေးရာ မေးမြန်းဆွေးနွေးချက်များအပေါ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်နှင့် တာဝန်ရှိသူများက ပြန်လည်၍ ရှင်းလင်းပြောကြားခဲ့သည်။

ပန်းခင်းစီမံချက်ကာလကို ၂၀၂၁ခုနှစ်၊ မေလ(၃)ရက်နေ့မှ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ(၃)ရက်နေ့အထိ (၁၈)လကြာသတ်မှတ် ဆောင်ရွက်ထားရှိပြီး ပထမသုံးလကာလတွင် အိမ်ထောင်စုရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသည့်မြို့ပေါ်ရပ်ကွက်များကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကာ ဒုတိယ(၆)လတာကာလတွင် အိမ်ထောင်စုရှိပြီးကိုင်ဆောင်လက်မှတ်မရှိသည့် ကျေးရွာအုပ်စုများနှင့် တပ်ရင်း/ တပ်ဖွဲ့များကို ဦးစား ပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပြီး တတိယ(၃)လတာ ကာလတွင် အထောက်အထားရှိပြီး ကိုင်ဆောင် လက်မှတ်မရှိသည့် ကျေးရွာအုပ်စုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကျန်(၆)လတာကာလကို ကောက်သင်း ကောက်ကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)