Mobile စနစ်ဖြင့် စာငှားဝန်ဆောင်မှုပေး

ရွှေပြည်သာ   မေ  ၁၅

ပြည်သူများစာပေဖတ်ရှုသည့်အလေ့အထများရှိလာစေရန်နှင့်စာပေဗဟုသုတများတိုးပွားစေရန်ရည်ရွယ်၍ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်ရုံးမှဝန်ထမ်းများကမြို့နယ်သမဝါယမ ဦးစီးဌာနရုံးသို့ ယမန်​နေ့ နံနက်၁၀ နာရီ ၃၀ချိန်တွင် mobile စနစ်ဖြင့်စာအုပ်များငှားရမ်းခြင်း လုပ်ငန်းကိုကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။ 

ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍စာအုပ် ငှားရမ်းခြင်း၊ စာဖတ်ခြင်းမပြုလုပ်နိုင်သောဌာနဆိုင်ရာဝန်ထမ်းများအတွက်ဆောင်ရွက်ပေးခြင်း ဖြစ်ပြီးရုံးချုပ်မှပေးပို့သော သုတရသစာအုပ်များ၊ စာဖတ်ပရိသတ်ကြိုက်နှစ်သက်စေမည့်စာပေများကို ငှားရမ်းပေးခြင်းဖြင့် စာဖတ်ပရိသတ်များအတွက် အဆင်ပြေလျက်ရှိပြီး သုတရသ စာအုပ်များကို ဌာနဆိုင်ရာများသို့ အခါအားလျော်စွာ ဝန်ထမ်းများက ငှားရမ်းပေးသွားမည် ဖြစ်ကြောင်းသိရသည်။

အေးမိုး(ပြန်/ဆက်)