မြစ်ကြီးနား မေ ၁၅
ကချင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး၊ကျောင်းသား၊ ကျောင်းသူများ ငြိမ်းချမ်းစွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းများဥပဓိရုပ်ကောင်းမွန်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက် ရှိကြောင်း သိရှိရသည်။
ကချင်ပြည်နယ်အတွင်း ဖွင့်မည့်ကျောင်း (၁၅၂၉)ကျောင်းရှိရာ၊ ဖွင့်လှစ်ရန်အသင့်ဖြစ်နေသည့် စာသင် ကျောင်း၁၃၅၉ကျောင်းရှိသည်။ ကျန်စာသင်ကျောင်းများကိုလည်း အချိန်မီဖွင့်လှစ်နိုင်ရေးကို စီမံဆောင်ရွက် လျက်ရှိပါကြောင်း၊ ကျောင်းသားမိဘများအနေဖြင့် ယုံကြည်စိတ်ချစွာဖြင့်၊ ကလေးများအား ကျောင်းအပ်နှံပေးကြရန်၊ မိဘများ အနေဖြင့် မိ မိသားသမီးပညာရေးကို ထိခိုက်မှုမရှိစေရေး၊ နောက်ကျမှုမရှိစေရေးအတွက် သတင်းမှား များကို နာမယောင်ကြရန်၊ ကျောင်းသား/သူများအား ပညာသင်ကာလအတွင်း ကိုဗစ်ကာကွယ်ရေး စီမံချက်များ အတိုင်း သင်ကြားသွားမည်ဖြစ်ကြောင်း၊ ကျောင်းသား/သူများ ကျောင်းစာများကို ငြိမ်းချမ်းစွာ ပညာသင်ကြားရေးအတွက် လုံခြုံစေရေးကိုလည်း အလေးထားစီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကျောင်းအပ်နှံရေးကိုလည်း မေ(၂၄)ရက် နေ့ မစတင်၍ မေ(၃၁)ရက်နေ့ထိကျောင်းများ စတင်လက်ခံပြီး၊ ဇွန်(၁)နေ့တွင် ကျောင်းများ စတင်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း၊ အခြေခံကျောင်းများ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရာ တွင်လည်း စံ(၅)ချက်ဖြစ်သည့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကျောင်းတွင်းသန့်ရှင်းရေး၊ ကျောင်းသုံးပရိဘောဂများပြည့်စုံလုံလောက်မှု၊ သန့်စင်ခန်းသန့်ရှင်းမှုနှင့် လုံလောက်မှု၊ လက်ဆေးရန်နေရာများ စီစဉ်ထားရှိမှု စသည့် စံများနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းများအပ်နှံရာတွင်လည်း အခကြေးငွေတစ်စုံ တစ်ရာကောက်ခံမည် မဟုတ်ကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ကျောင်းသား/ ကျောင်းသူများ မကြာခဏလက်ဆေးရန် နေရာစီစဉ်ဆောင်ရွက်ထားခြင်း၊ mask၊ face shield ၊ ကျောင်းသုံး ဖတ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်တို့ကို အခမဲ့ဖြန့်ဝေသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် ပညာရေးမှူး ထံမှသိရှိရသည်။
ခရိုင်(ပြန်/ဆက်)