မိုင်းဆတ်မြို့၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်

မိုင်းဆတ် မေ   ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့ နံနက်(၇)နာရီက  နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့် ဆရာ/ဆရာမများ စုပေါင်း၍ ကျောင်းပတ် ဝန်းကျင်သန့်ရှင်းရေး အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် အထက(မိုင်းဆတ်)၊ အထကခွဲ(လ-၁)နှင့် အထကခွဲ(လ-၂)ကျောင်းများ၌ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ အုပ်စုခွဲ၍ ကျောင်းဝန်းအတွင်း သစ်ပင်များခုတ်ထွင် ရှင်းလင်းခြင်း၊ ချုံနွယ်၊ ပေါင်းမြက်ရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်ရာသို့ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးသော်ဇင်ဦး၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရွှေထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

 ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းအပ်နှံခြင်းကို မေ ၂၄ ရက်မှ  ၃၁ ရက်အထိ  ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ပြီး  ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကာ ကျောင်းအပ်နှံရာတွင် အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှု လုံးဝမရှိကြောင်းနှင့် ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပါးစပ်နှာခေါင်းစည်း (Mask) နှင့် မျက်နှာအကာ (Face  Shield) တို့ကို အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ကျောင်းများ ပြန်လည်ဖွင့်လှစ်ပါက  ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးနှင့် လိုအပ်သည့် ထိန်းသိမ်းစောင့်ရှောက်မှု လုပ်ငန်းများကို ဆရာ/ဆရာမများနှင့် တာဝန်ရှိသူတို့က ကြိုတင်ပြင်ဆင် ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

မြင့်မောင်(ပြန်/ဆက်)