မြစ်သားမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း အချက်အလက်များမှန်ကန်စေရေး ပြင်ဆင်လျှောက်ထား

မြစ်သား  သြဂုတ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအသီးသီးတွင် မဲဆန္ဒရှင်စာရင်းများကို ဇူလိုင်လ (၂၅) ရက်နေ့မှ သြဂုတ်လ (၁၄) ရက်ထိ ကပ်ထားကြေညာပေးလျက်ရှိရာ အဆိုပါမဲစာရင်းများ၌ အချက်အလက်များ မှန်ကန်ပြည့်စုံမှုရှိစေရေးအတွက် ပြည်သူများက လာရောက်ကြည့်ရှု၍ ပြင်ဆင်ရန်ရှိသည့်အချက်အလက်များကို ပြင်ဆင်လျောက်ထားလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်အနေဖြင့် ပြင်ဆင်ရန်ရှိသည့်မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပြင်ဆင်လျှောက်ထားလျက်ရှိကြောင်း၊ သြဂုတ်လ () ရက်နေ့ ညနေပိုင်းအထိ မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုလွှာ ပုံစံ (ဖြင့် လျှောက်ထားသူ ၁၀၂၂ ဦး၊ မဲစာရင်းနှင့်စပ်လျဉ်းသော ကန့်ကွက်လွှာပုံစံ (ဖြင့် လျှောက်ထားသူ ၂၆၃ ဦး မဲစာရင်းနှင့် စပ်လျဉ်းသော ပြင်ဆင်လွှာပုံစံ (-ဖြင့် လျှောက်ထားသူ ၃၄၉ ဦးရှိပါကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ယဉ်မွန်ဖိုးထံမှ သိရသည်။

မြမြမွန်(ပြန်/ဆက်)