တကောင်းမြို့ အမှတ် (၃) ရပ်ကွက်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်

တကောင်း သြဂုတ် ၇

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့၌ ကိုဗစ် ၁၉ ကပ်ရောဂါကာလ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စုများအား  နိုင်ငံတော်မှ တစ်အိမ်ထောင်လျှင် ကျပ် ၂၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။

တကောင်းမြို့ အမှတ် (၃) ရပ်ကွက်အတွင်း ထောက်ပံ့ငွေရရှိမည့် အိမ်ထောင်စု စုစုပေါင်း ၄၈၁ စု ရှိပြီး တစ်အိမ်ထောင်လျှင် ကျပ် ၂၀၀၀၀ နှုန်းဖြင့် စုစုပေါင်းကျပ်ငွေ (၉၆၂၀၀၀၀) အား တကောင်းမြို့ အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဖိုးဖြူနှင့်တာဝန်ရှိသူများက အခြေခံလူတန်းစားများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

 ကိုကိုအောင်(တကောင်း)