မှော်ဘီ ဩဂုတ် ၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်ရှိ မြို့မစျေးသည် လူအများ ဝင်ထွက်သွားလာ သည့် လူစည်ကားရာ နေရာဖြစ်တာနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် နှာခေါင်းစည်း(Mask)များ တပ်ဆင်ရန် သတိပေး လှုံ့ဆော်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးကော်မတီတို့က ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြို့မစျေးကြီးအတွင်း စျေးရောင်းသူ၊ စျေးဝယ်သူများ ပါးစပ်နှာခေါင်းစည်း Mask များ တပ်ကြရန် အသိပညာပေးခြင်း နိုင်ငံတော်အစိုးရ ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ ကူးစက်ရောဂါထိန်းချုပ်နိုင်ရန် ချမှတ်ထားသော စည်းကမ်းချက် များအား လိုက်နာရန်နှင့် လိုက်နာမှု ရှိ/မရှိတို့ ကို ကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ကောင်းမြတ်သူ(ပြန်/ဆက်)