နွားထိုးကြီး ဩဂုတ် ၇
ကိုဗစ်-၁၉ကာလအတွင်း စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ တောင်သူများအတွက် CERP စီမံချက်ဖြင့် ထောက်ပံ့ပေးအပ်ခဲ့သော စပါးမျိုးများ မျိုးစေ့ချ ပျိုးထောင် စိုက်ပျိုးခြင်းလုပ်ငန်းများကို နွားထိုးကြီးမြို့နယ်အတွင်းရှိ ခက်လန်းကျေးရွာနှင့် ကန်နားကျေးရွာရှိ တောင်သူများက အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည်။
ခက်လန်းကျေးရွာရှိ တောင်သူ (၆) ဦး၊ ကန်နားကျေးရွာမှ တောင်သူ (၂) ဦးအတွက် မနောသုခစိုက်ခင်း ၁၅ ဧက၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှုဖြင့် စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း သိရသည်။ မျိုးစေ့ထုတ်အကွက်အနေဖြင့် ယခုစိုက်ပျိုးလျက်ရှိသော စနစ်တကျလယ်ယာမြေအတွင်း မျိုးစေ့ထုတ်ရန်အတွက် မနော သုခမျိုး ၁၅ ဧကကို မျိုးစေ့ချပျိုးထောင်ခြင်းများများကို ဆောင်လျက်ရှိသည်။ ထွက်ရှိလာမည့် မျိုးစပါးများကို မိမိမြို့နယ်အတွင်းရှိ ဆန်စပါးစိုက်တောင်သူများကို ဖြန့်ဖြူးပေးမည် ဖြစ်သည်။ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ခက်လန်းကျေးရွာ ကြီးကြပ် ဦးအောင်တင်ခိုင်၊ တာဝန်ကျ ဦးစိန်မောင်တို့ထံမှ သိရသည်။
နွားထိုးကြီးမြို့နယ်အနေဖြင့် CERP စီမံချက်ဖြင့် ရရှိထားသော ကျေးရွာ ၂ ရွာမှ တောင်သူ ၁၂ ဦးကို မျိုးစေ့ထုတ်ကွက်အဖြစ် ရွေးချယ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းအောင်ဇော်