မုဒုံ မေ ၁၄
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင်ရပ်ကွက်/ကျေးရွာအုပ်စု ယာယီအုပ်ချုပ်ရေးမှူး များနှင့် စာရေး ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မာရေး သင်တန်း ဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၁နာရီက မုဒုံမြို့နယ် ရွှေဟင်္သာခန်းမ၌ ပြုလုပ်သည်။
သင်တန်းဆင်းပွဲသို့မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကော်စီအဖွဲ့ဝင်ဦးအောင်ကြည်သိန်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်ဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိ သူများ တက်ရောက်ခဲ့ပြီး ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးအောင်ကြည်သိန်းမှ “ယခုသင်တန်း အား မွန်ပြည်နယ်(၁၀)မြို့နယ်တွင် တစ်ပြေးညီ ဖွင့်လှစ်ကျင်းပခြင်းဖြစ်ပြီး အဓိကကျသော ဌာနဆိုင်ရာမှသင်တန်းချိန်အလိုက် ဆွေးနွေး ပို့ချခြင်းအပေါ် စနစ်တကျ လေ့လာ မှတ်သားခြင်းဖြင့် အုပ်ချုပ်ရေးမှူးများနှင့် စာရေး ဝန်ထမ်းများအတွက် ရုံးလုပ်ငန်း များဆောင်ရွက်ရာတွင် များစွာ အထောက် အကူဖြစ်မည် ဖြစ်ကြောင်း၊ ပြည်သူ့အကျိုး၊ နိုင်ငံ အကျိုးကိုရှေးရှု၍ မိမိအား ပေးအပ်သော တာဝန်များ၊ စောင့်ထိန်းရမည့်ကျင့်ဝတ်များကို ကောင်းစွာ သိရှိနားလည်ပြီးလိုက်နာကျင့်သုံး၍ဒို့တာဝန်အရေး(၃)ပါး၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီက ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်(၅) ရပ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည် ချက်(၉)ရပ်တို့ကို အောင်မြင်စွာအကောင် ထည် ဖော်နိုင်ခြင်းဖြင့် နိုင်ငံတော်အတွက် အုတ်တစ်ချပ်သဲတစ်ပွင့် ဟူသည့်အတိုင်း မိမိကျရာ အခန်းကဏ္ဍမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝိုင်းဝန်း ပူး ပေါင်း ထမ်းဆောင်ပေးကြ ရန်”ပြောကြားသည်။
အဆိုပါသင်တန်းကို မုဒုံမြို့နယ်ရှိရပ်ကွက်/ကျေးရွာအုပ်စု(၄၂)ရွာမှ ယာယီ အုပ်ချုပ် ရေးမှူး များနှင့် စာရေးဝန်ထမ်း(၈၄)ဦးတို့က မေလ(၁၀)ရက်မှ (၁၄) ရက်နေ့အထိ(၅) ရက်ကြာ တက် ရောက်ခဲ့ကြကြောင်း သိရှိရသည်။
အောင်မျိုးသူ