ကျောက်မဲ ဩဂုတ် ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်းကို မိခင် ကလေးကျန်းမာရေးဌာန၌ လစဉ်လဆန်းပိုင်းတွင် ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးပေးရာတွင် မွေးကင်းစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ် များအား အသက်အရွယ် အလိုက် ဘီစီဂျီ၊ ဆုံဆို့ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက် အမှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန် အဆုတ်ရောင်(ဗီစီဗွီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါ (ရိုတာကာကွယ်ဆေး)၊ ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေးနှင့် ပိုလီယိုအကြောသေ ကာကွယ်ဆေး တို့ကိုတိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျောက်မဲမြို့ပေါ်တွင် ရပ်ကွက် ၉ ရပ်ကွက်ရှိသောကြောင့် ကိုဗစ်-၁၉ ရောဂါကာလအတွင်း လူစုလူဝေး မဖြစ်စေရန်အတွက် တစ်ရက်လျှင် ၃ ရပ်ကွက်နှုန်းဖြင့် အချိန်ခွဲ၍ ကာကွယ်ဆေးများ ထိုးနှံ၊ တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)