စဉ့်ကူးမြို့နယ် ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ အခြေခံပြည်သူ့ကျန်းမာရေးပညာရှင် သင်တန်းဖွင့်လှစ်ပို့ချ

စဉ့်ကူး  ဩဂုတ်၇

စဉ့်ကူးမြို့နယ်၌ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ အခြေခံပြည်သူ့ကျန်းမာရေးပညာရှင်သင်တန်းကို စဉ့်ကူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဩဂုတ် ၅ ရက်နေ့မှစတင်၍ သင်တန်းဖွင့်လှစ်ပို့ချလျက်ရှိရာ သင်တန်း၌ အခြေခံကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဘာသာရပ် (၁၇) မျိုးအား မြို့နယ်အတွင်းရှိ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ ( ၃၇ )ဦးဖြင့် သင်ကြားပို့ချလျက်ရှိကြောင်း သိရှိရသည်။

ကျော်မျိုးဝေ(စဉ့်ကူး)