မန္တလေး၊ မေ ၁၄
၂၀၂၁-ခုနှစ် မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အသက် (၂၁) နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃နာရီက ချမ်းအေးသာစံ မြို့နယ်ရှိ ဗထူးအားကစားကွင်းတွင် ကျင်းပသည်။
ဖွင့်ပွဲတွင် မန္တလေးတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဝဏ္ဏကျော်ထင်ဦးမောင်ကိုက အဖွင့်မိန့်ခွန်း ပြောကြားပြီးပြိုင်ပွဲကို ဖွင့်လှစ်ပေးလိုက်သည်။ ထို့နောက် ပြိုင်ပွဲဝင်အားကစားသမား များမှ အားကစားသစ္စာ အဓိဋ္ဌာန်ရွတ်ဆိုပြီးနောက် တိုင်းဒေသစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဦးမောင်ကိုနှင့် အဖွဲ့ဝင်များက ပြိုင်ပွဲဝင် အားကစားသမားအသင်းများအား လိုက်လံ နှုတ်ဆက်ပြီး ဂုဏ်ပြုငွေနှင့်ဘောလုံးများကို အသင်းအုပ်ချုပ်သူများထံသို့ပေးအပ်ခဲ့ကာ မန္တလေးခရိုင် အသင်းနှင့်မိတ္ထီလာခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးခဲ့သည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဝဏ္ဏကျော်ထင်ဦးမောင်ကိုနှင့် အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး အားကစားဆပ်ကော်မတီ အသီးသီးမှ တာဝန်ရှိသူများ၊ ဘောလုံးဝါသနာရှင်များ တက်ရောက်အားပေးကြသည်။ ၂၀၂၁-ခုနှစ် မန္တလေးတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အသက် (၂၁)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲများကို အုပ်စု(က) မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ မန္တလေးခရိုင်နှင့် အုပ်စု(ခ) ညောင်ဦးခရိုင်၊ မြင်းခြံခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင် တို့ဖြင့်အုပ်စုခွဲယှဉ်ပြိုင် ကစားမည်ဖြစ်ပြီး မေလ ၁၃ ရက်နေ့ ညနေ ၃ နာရီတွင်ဗထူးအားကစားကွင်း၌အုပ်စု(က) မိတ္ထီလာ ခရိုင်နှင့်မန္တလေးခရိုင်၊ မေလ ၁၄ ရက်နေ့ နံနက် ၇နာရီခွဲတွင် ရွှေမန်းတောင် အားကစားကွင်း၌ အုပ်စု(ခ) ညောင်ဦးခရိုင်နှင့်ပြင်ဦးလွင်ခရိုင်၊ ညနေ ၃နာရီခွဲတွင် အုပ်စု(ခ) မြင်းခြံ ခရိုင်နှင့် ကျောက်ဆည်ခရိုင်၊ မေလ ၁၅ရက်နေ့ ညနေ ၃ နာရီခွဲတွင် ရွှေမန်းတောင် အားကစားကွင်း ၌ အုပ်စု(က) ရမည်းသင်းခရိုင်နှင့် မန္တလေးခရိုင်၊ မေလ ၁၆ရက်နေ့ နံနက် ၇နာရီခွဲတွင် ရွှေမန်း တောင်အားကစားကွင်း၌ အုပ်စု(ခ) ညောင်ဦးခရိုင်နှင့် မြင်းခြံခရိုင်၊ ညနေ ၃ နာရီ ခွဲတွင် အုပ်စု(ခ) ပြင်ဦးလွင်ခရိုင်နှင့် ကျောက်ဆည်ခရိုင်၊ မေလ ၁၇ ရက်နေ့ ညနေ ၃ နာရီခွဲတွင် ရွှေမန်းတောင် အားကစားကွင်း၌ အုပ်စု(က) မိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင်၊ မေလ ၁၈ ရက်နေ့ နံနက် ၇ နာရီခွဲ တွင် ရွှေမန်းတောင်အားကစားကွင်း၌ အုပ်စု(ခ) ညောင်ဉီးခရိုင်နှင့် ကျောက်ဆည် ခရိုင်၊ ညနေ ၃နာရီခွဲတွင် အုပ်စု(ခ) မြင်းခြံခရိုင်နှင့် ပြင်ဉီးလွင်ခရိုင်အသင်းတို့ အသီးသီးယှဉ်ပြိုင် ကစားကြမည် ဖြစ်ကြောင်း သိရသည်။
မေလ ၁၉ရက်နေ့တွင် ပွဲစဉ်များရပ်နားပြီး မေလ ၂၀ရက်နေ့ နံနက် ၇နာရီခွဲတွင် ရွှေမန်းတောင် အားကစားကွင်း၌ (က)အုပ်စုမှ ပထမရရှိသည့်အသင်းနှင့် (ခ)အုပ်စုမှ ဒုတိယရရှိသည့်အသင်း တို့ လည်းကောင်း၊ ညနေ ၃နာရီခွဲတွင် (ခ)အုပ်စုမှ ပထမရရှိသည့်အသင်းနှင့် (က)အုပ်စုမှ ဒုတိယရရှိ သည့်အသင်းတို့လည်းကောင်း ယှဉ်ပြိုင်ကစား ကြမည်ဖြစ်ပြီး ဗိုလ်လုပွဲကို မေလ ၂၂ရက်နေ့ ညနေ ၃နာရီခွဲတွင် ဗထူးအားကစားကွင်း၌ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်းသိရသည်။
တင်လင်းထက်