ကျောက်ဆည်မြို့အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

ကျောက်ဆည် မေ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများအား မြို့ပြနှင့်ကျေးလက်ကွာဟမှု မရှိစေရေး ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အနီးကပ် ကြီးကြပ်မှုဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော ငှက္ကတောင်ကျေးရွာနှင့် ပတ္တာကျေးရွာတို့၏ ကျေးရွာတွင်းလမ်းများအား ယနေ့ နံနက်(၁၀)နာရီက ကျောက်ဆည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးဦးဝင်းမြင့်သည် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၁၀၀)နှင့် ပြည်သူထည့်ဝင်ငွေများဖြင့် ဆောင်ရွက် ခဲ့သည့် ငှက္ကတောင်ကျေးရွာမှ အရှည်ပေ(၁၂၀၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မရှိ ရွာတွင်းကွန်ကရစ် လမ်းနှင့် ပတ္တာကျေးမှ အရှည်ပေ(၁၇၀၀)၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မရှိ ရွာတွင်းကွန်ကရစ်လမ်း ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပြည်သူများအနေဖြင့် ဝိုင်းဝန်းထိမ်းသိမ်းသွားရေးမှာကြား ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်ပေးမှုကြောင့် ငှက္ကတောင်ကျေးရွာမှ အိမ်ထောင်စု(၂၅၅)စု လူဦးရေ(၁၁၅၅)ဦးနှင့် ပတ္တာကျေးရွာမှ အိမ်ထောင်စု (၁၁၆၀)စု၊ လူဦးရေ(၅၆၈၅)ဦးတို့၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)