စာသင်ကျောင်းများအား လုံခြုံရေးဆောင်ရွက်မည့် အစီအမံ ရေးဆွဲနိုင်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တက်ရောက်

မော်လမြိုင် မေ ၁၃

မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် စာသင် ကျောင်းများ အား လုံခြုံရေးဆောင်ရွက်မည့် အစီအမံ ရေးဆွဲနိုင်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့မွန်းလွဲ ၁ နာရီက မော်လမြိုင်မြို့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အောင်ဆန်းခန်းမတွင် ကျင်းပသည်။

အစည်းအဝေးတွင် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက “ကျောင်း ဖွင့်ချိန်နီးလာပြီးဖြစ်တဲ့အတွက်ကြောင့် လုံခြုံရေးနဲ့ပက်သက်ပြီးတော့ မည်သို့ဆောင်ရွက်မည်ဆိုတာကို ဆွေးနွေးပေးစေလိုပါကြောင်း၊ A Plan, B Plan စသဖြင့် အဓိကဝိုင်းဝန်းဆောင်ရွက်ပေးမယ့် အဖွဲ့တွေ အနေနဲ့ ဌာနဆိုင်ရာများ၊ ကျောင်းသားမိဘများ၊ သက်ဆိုင်ရာမြို့နယ်စစ်မှုထမ်းဟောင်းများနှင့် အရန်မီး သတ်တပ်ဖွဲ့ဝင်များ ပါဝင်မည်ဖြစ်သည့်အတွက် အဲဒါတွေအားလုံးစုပေါင်းပြီး လုံခြုံရေးတွေကို လုပ်ကိုင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဘ/က ကျောင်းတွေအနေနဲ့လည်း သင်ကြားရေးအပိုင်းမှာ ပိုမိုပြီး ထိရောက်ကောင်းမွန်တဲ့ သင်ကြားမှုအပိုင်းဖြစ်ရအောင် တာဝန်ရှိသူများအနေဖြင့် ဆက်လက်ဆောင် ရွက်ပေးစေလိုပါကြောင်း၊ ဘ/က ကျောင်းများသည် ရပ်ကွက်အတွင်းများတွင် တည်ရှိသောကြောင့် လုံခြုံရေးအနေဖြင့်လည်း ထည့်သွင်းဆောင်ရွက်ပေးရမည့်ဖြစ်ကြောင်း၊ ကျောင်းဥပဓိရုပ်နှင့် ကျောင်းခြံ စည်းရိုးများကိုလည်း ကောင်းမွန်အောင် စနစ်တကျ ပြုပြင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း” ပြောကြား သည်။

ထို့နောက် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီး အကဲများနှင့် ပြည်နယ်ပညာရေးမှူးတို့က စာသင်ကျောင်းလုံခြုံရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းမဖွင့်မီကျောင်းများအား ဝိုင်းဝန်းစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးနိုင်ရေး၊ ဆရာ/ဆရာမများ လုံလောက်မှုရှိစေရေးနှင့် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရန် စနစ်တကျစီ စဉ်ဆောင်ရွက်ပေးနိုင်ရေး စသည့်အချက်များနှင့် ပတ်သက်၍ ဝိုင်းဝန်းအကြုံပြုဆွေးနွေးတင်ပြရာ တင်ပြချက်များအပေါ် လိုအပ်သည်များကို မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ လမ်းညွှန်မှာ ကြားသည်။

မွန်ပြည်နယ်တွင် အခြေခံပညာ(အထက်တန်း၊ အလယ်တန်း၊ မူလတန်း)စာသင်ကျောင်းပေါင်း (၁၅၁၁) ကျောင်းရှိပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၄၇)ကျောင်း၊ ကိုယ်ပိုင်အထက်တန်း ကျောင်း (၂၆) ကျောင်းနှင့် လေ့ကျင့်ရေးကျောင်း (၁) ကျောင်းရှိကြောင်း ပြည်နယ်ပညာရေးမှူးထံမှ သိရသည်။

ဝေလင်းအောင်