မိုင်းတုံမြို့၌ ကလေးသူငယ်အခွင့်ရေးဆိုင်ရာဥပဒေအသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မိုင်းတုံ   မေ   ၁၃

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ  အစည်းအဝေးခန်းမ၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ မိုင်းဆတ်ခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး လက်ထောက်ညွန်ကြားရေးမှူး ဒေါ်သောင်းသောင်းအေးက  ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကလေးသူငယ်တို့၏အခွင့်အရေးများ၊ ပတ်ဝန်းကျင်၏အနိုင်ကျင့်မှု၊ အိမ်တွင်း အကြမ်းဖတ်မှုများမဖြစ်ပေါ်စေရန် ရှင်းလင်းပြောကြားခဲ့သည်။

 

အဆိုပါ ဆွေးနွေးပွဲသို့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများ၊ အသက်(၁၆)နှစ်အောက် ကလေးငယ်များနှင့် မိခင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ဝင်းဝင်းခိုင်(ပြန်/ဆက်)