ရန်ကုန် မေ ၁၃
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြေရေး၊ မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့တောင်ရပ်ကွက် သတိပဋ္ဌာန်လမ်းကြီးရှိ ရေနုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်ရေး အုတ်မြောင်းများ ပြုလုပ်ခြင်းနှင့် လမ်းဘေး ပလက်ဖောင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် သန်လျင်မြို့ မြို့မတောင်ရပ်ကွက် သတိ ပဋ္ဌာန် လမ်းကြီးရှိ အုတ်ရေမြောင်း အရှည် ၆၅၅၀ ပေ၊ အကျယ် ၃ ပေ၊ အနက် ၄ ပေအား ကွန်ကရစ် မြောင်း အဖုံးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး လူသွားပလက်ဖောင်း အရှည် ၂၉၆၀ ပေ၊ အကျယ် ၆ပေ၊ အမြင့် ၈ လက်မ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
သန်လျင်မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများနှင့် မြို့တွင်းလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်း များအား စံချိန်စံညွှန်းအတိုင်း သတ်မှတ်ကာလများအတွင်း ပြီးစီးရေးနှင့် လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး တို့အတွက် သန်လျင်မြို့နယ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိုက်စိုးနှင့် စည်ပင် သာယာရေးအဖွဲ့ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်