မန္တလေး၊ မေ ၁၃
မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ စီစဉ်ကြီးကြပ်မှုဖြင့် မန္တလေးမြို့ပေါ်ရှိ ဘုန်းတော် ကြီးကျောင်းများမှ သံဃာတော်များနှင့် သီလရှင်ကျောင်းများမှ သီလရှင်ဆရာလေးများကို နေ့ဆွမ်းများ ဆပ်ကပ်လှူဒါန်းလျက်ရှိရာ မေလ(၁၃)ရက်နေ့တွင် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၁)ရပ်ကွက် ၃၈လမ်း၊ ၇၁×၇၂ လမ်းကြားရှိ ဗောဓိမဏ္ဍိုင်ပရိယတ္တိ သီလရှင်စာတိုက်ရှိ သီလရှင်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သိရှိရသည်။
ဗောဓိမဏ္ဍိုင်ပရိယတ္တိ သီလရှင်စာတိုက်ရှိ သီလရှင်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းရာသို့ မန္တလေး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဒေါက်တာလှကြွယ်နှင့် တာဝန်ရှိသူများ၊ မဟာအောင်မြေမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်ဦး၊ အဖွဲ့ဝင် ဗိုလ်မှူးဆွေလွင်အောင် အဖွဲ့ဝင်များ မြို့မိမြို့ဖ ဦးထွန်းထွန်းဝင်း တက်ရောက်ခဲ့ပြီး ဗောဓိမဏ္ဍိုင် ပရိယတ္တိ သီလရှင်စာတိုက် ဒေါ်မာလာင်္ဂီ သာသနဓဇ ဓမ္မာစရိယ(ဂန္ထဝါစကပဏ္ဍိတ) အမှူးရှိသော သီလရှင် ဆရာလေးများအား လှူဖွယ်ပစ္စည်းများ လှူဒါန်းကာ သီလရှင် ဆရာလေးများက မေတ္တာပို့ပြီး တာဝန်ရှိသူများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။
အဆိုပါ ဗောဓိမဏ္ဍိုင် ပရိယတ္တိ သီလရှင်စာတိုက်တွင် သီလရှင် ဆရာလေး ၅၀ကျော် စာပေပညာများသင်ယူလျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းနိုင်