ကိုယ်ဝန်ဆောင်မိခင်နှင့် တစ်နှစ်အောက်ကလေးများအား ကာကွယ်ဆေးထိုးနှံပေး

 

ခရမ်း မေ  ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ခရမ်း မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် တစ်နှစ် အောက် ကလေးငယ်များအတွက် ပိုမိုကောင်းမွန်သော အနာဂတ် ရရှိခံစားနိုင်ရေး အတွက် ကူးစက် ရောဂါများ ကာကွယ်နိုင်ရေး ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ မေလ ပထမ ပတ်တွင် ပြန်လည်ထိုးနှံပေးလျက်ရှိကြောင်းသိရှိရသည်။

ကာကွယ်ဆေး မထိုးရသေးသော ကိုယ်ဝန်ဆောင်မိခင်များနှင့် တစ်နှစ်အောက်ကလေးငယ်များ နီးစပ်ရာ ကျေးရွာ အုပ်စု  ကျန်းမာရေးဌာနခွဲများတွင် စုံစမ်းမေးမြန်းနိုင်ကြောင်း သိရှိရသည်။

ခရမ်းမြို့နယ်အတွင်းရှိ ကျန်းမာရေးဌာနဌာနခွဲ(၄၄ ) ခုတို့တွင်မေလ အတွင်း စတင်ထိုးနှံပေးသွားရန် စီစဉ် ထားရှိကြောင်းနှင့် ထိုးနှံပေးမည့်အစီအစဉ်များကိုကျေးရွာများအလိုက် အပြောင်းအလဲရှိပါက ပြန်လည် အကြောင်းကြား ပေးမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

ကိုမင်း ( ခရမ်း )