ကွမ်းခြံကုန်းမြို့နယ်တွင် ဆူးကလပ်ကျေးရွာ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မော်တာစက်ချုပ်သင်တန်းဖွင့်လှစ်

ကွမ်းခြံကုန်း မေ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊  ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆူးကလပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌   မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မော်တာစက်ချုပ်သင်တန်းကို မေ (၅) ရက်နေ့မှ ဇူလိုင်(၇ )ရက်နေ့အထိ သင်ကြားပို့ချ ပေးလျက်ရှိကြောင်း သိရသည်။

သင်တန်းသို့ အဆိုပါကျေးရွာမှ သင်တန်းသား/သင်တန်းသူ(၃၀)ဦး တက်ရောက်ကြောင်းနှင့် သင်တန်းတွင် ကလေးဝတ်ဂါဝန်၊ လူကြီးဝတ်ဂါဝန်၊ ဘောင်းဘီ၊ မိန်းမဝတ်ရင်းစေ့၊ မိန်းမဝတ် ရင်ဖုံး၊ ယောကျ်ားဝတ်တီရှပ် စသည့်တို့ ချုပ်လုပ်နည်း ပညာရပ်များကို နှစ်လကြာ စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံးမှ သိရသည်။

ဆွေနွယ်(ပြန်/ဆက်)