သုံးခွမြို့နယ်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်းများ အပ်နှံရာတွင် မိဘပြည်သူများ အခမဲ့ကျောင်းအပ်နှံရေး ဗီနိုင်းပိုစတာများ ကပ်ထားပေး

သုံးခွ မေ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အတွက် အခြေခံပညာစာသင်ကျောင်းများတွင် တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများ‌ ကျောင်းအပ်နှံရာတွင် မိဘပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များပါဝင်သည့်  ဗွီနိုင်း၊ ပိုစတာများကို ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ်ပညာရေး မှူးရုံးရှေ့နှင့် အ.ထ.က ၁ ကျောင်းရှေ့တို့၌ ကပ်ထားကြေညာထားကြောင်း သိရသည်။

ဗွီနိုင်း၊ ပိုစတာများတွင် "ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေမျှ ကောက်ခံမှုမရှိပါ၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်/ခဲတံ၊ Mask၊ face shiled တို့ကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပါသည် စသည်ဖြင့် ရေးသားဖော်ပြထားကြောင်း သိရသည်။

အဆိုပါ ဗွီနိုင်း၊ ပိုစတာများကို သုံးခွမြို့နယ်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်း ၁၄၆ ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၆ ကျောင်းတို့ကို အထက်တန်းကျောင်း တစ်ကျောင်းလျှင် ၃ စုံ၊ အလယ်တန်းကျောင်း တစ်‌ကျောင်းလျှင် ၃ စုံ၊ မူလတန်းကျောင်း တစ်‌ကျောင်းလျှင် ၂ စုံနှုန်းဖြင့် ယင်းဗွီနိုင်း၊ ပိုစတာများကို ကျောင်းများတွင် ကပ်ထားရန် အတွက် သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ/ဆရာမများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်