သုံးခွ မေ ၁၂
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များသည် စာဖတ်ဝါသနာပါသူများအား စာပေနှင့် စဉ်ဆက်မပြတ် ထိတွေ့စေရေး အတွက် မိုဘိုင်းစာငှားစနစ်ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိရာ ယမန်နေ့ နေ့လယ် ၁ နာရီခွဲအချိန်က သမဝါ ယမအသင်းစုရုံးသို့ Mobile library ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးခြင်းမှာ မြို့နယ်ရုံးစာကြည့်တိုက်သို့ လာရောက်၍ စာငှား စာဖတ်မပြုလုပ်နိုင်သော ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ဗဟုသုတဖြစ်ဖွယ် သုတ၊ ရသစာပေများကို ယူဆောင်ငှားရမ်းပေးခြင်းအပြင် စာဖတ်သူများ ဖတ်ရှုလိုရာ စာအုပ်များကို အပတ်စဉ် အင်္ဂါနေ့တိုင်း သမဝါယမအသင်းစုရုံးသို့ Mobile စာငှားစနစ်ဖြင့် သွားရောက်ငှားရမ်းပေးမည်ဖြစ်ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်