မိတ္ထီလာ၊ မေလ ၁၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် အမှတ်(၉၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စု အနေဖြင့် ဒေသခံပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန် ယာဉ်စည်း ကမ်းလမ်းစည်းကမ်း အသိပညာပေး လုပ်ငန်းကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က မိတ္ထီလာ-ကျောက်ပန်းတောင်းသွားကားလမ်းပေါ် ဗဟိုပို့ ဆောင် ဆက်သွယ်ရေး ကျောင်းအနီးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အမှတ်(၉၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မိတ္ထီလာ)မှ ရဲအုပ် သန်းနိုင်စိုးနှင့် တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း ဒေသခံပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရန်အတွက် ၂၀၂၀ပြည့်နှစ် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေ များကို သိရှိလိုက်နာစေရေးနှင့် ဆိုင်ကယ်မောင်းနှင်သူများ ဆိုင်ကယ်မောင်းနှင် လျှင် ဆိုင်ကယ်ရှေ့မီး အနိမ့်ဖွင့် နေ့/ညမောင်းနှင်စေရေး၊ သတ်မှတ်လိုင်စင် အလိုက် မော်တော်ယာဉ်အား မောင်းနှင်စေရေး၊ ဆိုင်ကယ်စီးဦးထုပ်ဆောင်း မေးသိုင်းကြိုတပ်ပြီး လူနှစ်ဦးထက် ပိုမစီးစေရေး၊ လမ်းညွှန်အမှတ်အသား များအား လိုက်နာစေရေးစသည့်တို့ကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်