ဆီဆိုင် မေ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပင်စုံကျေေးရွာအုပ်စု၊ ထီမန်းကျေးရွာရှိ ဘက်စုံသုံးကျေးရွာခန်းမဆောင်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် အမှတ်(၄၂၃)ခြေမြန်တပ်ရင်းမှ ဆေးမှူးဗိုလ်ကြီး စိုးရဲနောင် ဦးစီးသည့် အဖွဲ့ဝင်များက ပင်စုံကျေးရွာအုပ်စုအတွင်းရှိ ထီမန်း၊ ကောင်းမူဗွာ၊ နန်းတောင်းကျေးရွာတို့မှ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယ အကြိမ် ထိုးနှံပေးခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှတ်တမ်း ကတ်ပြားများကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး (ဆီဆိုင်)