လက်ဆေးဆပ်ပြာဆီနှင့် Hand Gel လူသုံးကုန်ပစ္စည်း ထုတ်လုပ်နည်းသင်တန်းဖွင့်လှစ်

ပုဗ္ဗသီရိ  မေ  ၁၁

ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူသုံးကုန်ပစ္စည်းထုတ်လုပ်နည်းသင်တန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ ပူးပေါင်း ၍ ယနေ့ နံနက် ၁၀:၃၀ နာရီက နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ၊သရက်သမိန်ကျေး ဘုန်းတော်ကြီး ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊  လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ဝင်းမှအဖွင့်အမှာစကားပြောကြားပြီး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာ ဒေါ်နေခြည်ဇာဝေက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် နေပြည်တော်၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းဆရာမ ဒေါ်ခင်ဌေးမော်က သင်တန်းနှင့်ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါလူသုံးကုန်ပစ္စည်းထုတ်လုပ်နည်းသင်တန်းတွင် ကျေးလက်နေပြည်သူ (၂၀) ဦးအား အိမ်တွင်းမှုအသက်မွေးဝမ်းကျောင်း လုပ်ငန်းများဖြစ်သည့် ဆပ်ပြာဆီ၊ လက်ဆေးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ၊ Hand Gel နှင့် ဆပ်ပြာခဲ ပြုလုပ်နည်းများကို (၁၁-၅-၂၀၂၁)ရက်နေ့မှ (၁၇-၅-၂၀၂၁)ရက်နေ့အထိ (၇)ရက်ကြာဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)