ရန်ကုန် မေ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ တညင်းကုန်း ဈေးရှေ့တွင် သတိလစ်နေသူကို ကြက်ခြေနီအသင်း(အင်းစိန်)မှ ယမန်နေ့ နေ့လယ်(၂)နာရီအချိန်က ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ တညင်ကုန်းဈေးရှေ့တွင် အမျိုးသားတစ်ဦး နှာခေါင်း သွေးယိုစီးပြီး သတိလစ်ကာ လှဲကျသွားကြောင်း သိရသဖြင့် ကြက်ခြေနီအသင်း(အင်းစိန်)၊တပ်ဖွဲ့မှူး ဦးနီထွန်းနှင့် စေတနာ့လုပ်အားရှင်များက လူနာတင်ယာဉ်ကား(၁)စီးဖြင့် သွားရောက်၍ ရှေးဦးပြုစု နည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပြီး အင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် ကြက်ခြေနီအသင်း(အင်းစိန်)မှ တာဝန်ရှိသူများက (၂၄)နာရီ လူနာတင်ယာဉ်ကား(၂)စီးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိပြီး လစဉ်(၂၁)ရက်နေ့မှ လကုန်အထိ အင်းစိန်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသူ သက်ကြီးဘိုးဘွားများကို ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)