ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေသဖွံ့ဖြိုးရေး လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု

လားရှိုး  မေ  ၁၁

 

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့သည် မေ(၁၀)ရက် နံနက်(၁၁)နာရီခွဲက လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်(၅)ရှိ ခိုင်ရွှေဝါလမ်းမှ အဝေရာလမ်း (မြို့ပတ်လမ်း)အထိ အပိုင်းလိုက် လမ်းသားတိုးချဲ့ပြုပြင်ခြင်းနှင့် ကတ္တရာ ထပ် ပိုးလွှာခင်းခြင်းလုပ်ငန်းနှင့် လမ်းဖြတ်တံတားများ ဘုရားလမ်း လမ်းသားတိုးချဲ့ခြင်းလုပ်ငန်းနှင့် AC လမ်းခင်းခြင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ လားရှိုးမြို့နယ် အမှုဆောင် အရာရှိ ဦးကျော်ဇင်နှင့် အင်ဂျင်နီယာမှူး ဦးလှမျိုးတို့မှ လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်၍ ရှင်းလင်းကာ ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ လားရှိုးမြို့နယ် စည်ပင်သာယာရေးအဖွဲ့များ စုဆောင်းငွေမှ ပိုလျှံငွေဖြင့် ဝယ်ယူထားသော AC Plantနှင့် ဆက်စပ်ယန္တရားများ လည်ပတ်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)