ရန်ကင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် လယ်တွင်းသားစောချစ်၏ ပန်းလိုချင်အပင်ကိုပျိုးတတ်မှ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ရန်ကင်း မေ ၁၁

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ် ပြည်သူ့ စာကြည့်တိုက်ရှိ Community Centre ခန်းမ၌ ယမန်နေ့နေ့လယ် (၂)နာရီက ပြည်သူများ အသိပညာ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်တက်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်ကမ်းချက်များနှင့်အညီ စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းကို စာရေးဆရာမ ပေါက်ပေါက်၊ ပြန်/ဆက်ဦးစီးဌာနဝန်ထမ်းများနှင့် မြို့နယ်အတွင်းရှိ စာပေချစ်သူ စာဖတ် ပရိတ်သတ်များက စာရေးဆရာလယ်တွင်းသား စောချစ် ရေးသားသော ပန်းလိုချင်အပင်ကိုပျိုးတတ်မှ စာအုပ်ပါ အကြောင်းအရာများကို အချင်းချင်း အမြင်ချင်း ဖလှယ်သည့်အနေဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လှလှေထွး(ပြန်/ဆက်)