ရန်ကင်း မေ ၁၁
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ယမန်နေ့ နံနက်(၁)နာရီခန့်အချိန် ပို့ပို့ အမိန့်ရရွှေထည်အပေါင်ဆိုင် အား လုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေလ ၁၀ ရက်နေ့၊ နံနက် ၁ နာရီအချိန်ခန့်က ရန်ကင်းမြို့နယ်အမှတ် ၁၂ ရပ်ကွက် ကံဘဲ့ဘူတာရုံ လမ်းရှိ ပို့ပို့ အမိန့်ရရွှေထည်အပေါင်ဆိုင်အား အမည်မသိလူ(၅)ဦးမှ ကားဖြင့်လာရောက်၍ ဓားပြတိုက် လုယက် သဖြင့် ရွှေ(၁) ပိသာ (၃၀) ကျပ်သားနှင့် ငွေကျပ်သိန်း(၄၀) ကျပ်ခန့် ယူဆောင်သွားကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကင်းမြို့မရဲစခန်းမှ တာဝန်ရှိသူများက အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိပြီး အမှုမှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထွေးလေး (ပြန်/ဆက်)