လှိုင်မြို့နယ်၌ ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းစည်း​ဝေး

လှိုင် မေ ၁၁

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ဇွန်လ(၁)ရက်နေ့တွင် အခြေခံကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့​နေ့လယ် ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဟန်ဝင်းလတ်က ဇွန်လ (၁)ရက်နေ့တွင် အခြေခံကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်သဖြင့် ကျန်းမာရေးနှင့်အားကစား ဝန် ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် အခြေအနေများကို အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ဆရာမများနှင့် တွေ့ဆုံညှိနှိုင်းခဲ့ကြောင်း သိရသည်။

ထို့အပြင် ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ အခြေခံကျောင်းများသို့ ကွင်းဆင်း၍ ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ကြိုတင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်​ ဆေးခဲ့ကြပြီး လိုအပ်သည်များ မှာကြား​ခဲ့ကြောင်း သိရသည်။

(မြို့နယ်ပြန်/ဆက်)