သံတွဲမြို့နယ်၌ နိုင်ငံသားစီစစ်ရေးကဒ်ပြားများ ကွင်းဆင်းဆောင်ရွက် ပြုလုပ် ပေး

သံတွဲ မေ ၁၁
သံတွဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးမြင့်ဇော် ဦးဆောင်သည့်ဝန်ထမ်းများသည် ကျေးရွာ နေပြည်သူများအား နိုင်ငံသား စီစစ်ရေး ကဒ်ပြားများ ရရှိကိုင်ဆောင်နိုင်ရေးအတွက် မတ်လ ၁၁ ရက်နေ့မှ ယနေ့ထိ သရက်ပင်ကွင်း ကျေးရွာအုပ်စု၊ ဘုရားမော် ကျေးရွာအုပ်စု၊ မော်ရုံကျေးရွာအုပ်စု၊ နတ်မော် ကျေးရွာအုပ်စု၊ မဲနယ်ကွင်းကျေးရွာအုပ်စု၊ နှင့်ပေါက်တူးကျေးရွာအုပ်စုများသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြရာ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစီစစ်ရေး ကဒ်ပြား(၂၂၉) ကဒ်၊ နှင့် အသက် ၁၈နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကဒ်ပြား (၁၂၅) ကဒ်တို့ကို ကျေးရွာနေပြည်သူများ လက်ဝယ် အရောက် ထုတ်ပေးနိုင်ခဲ့ပါကြောင်း မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော်ထံမှ သိရှိရသည်။