ရခိုင်ပြည်နယ် အမ်းမြို့နယ်၌ တိုင်းရင်းသားပြည်သူ(၅၃)ဦးအား နိုင်ငံသား စီစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်

အမ်း မေ ၁၀
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ပန်ခင်းစုံစီမံချက်ဖြင့် ဝေးလံ ခေါင်ဖျားသော အမ်းတောင် ကျေးရွာအုပ်စု၌ တိုင်းရင်းသားပြည်သူများအား နိုင်ငံသားစီစစ်ရေး ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်းများထုတ်ပေးနိုင်ရေးကို မေလ(၈)ရက်မှ စတင်ကာ ကွင်း ဆင်း ဆောင်ရွက်ပေးခဲ့ ကြောင်းသိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ဝန်ထမ်း များက အမ်းတောင်ကျေးရွာအုပ်စု ပတ်ကွေ့၊ ဆင်ခုံတိုင်၊ ကြက်ရေစမ်း၊ တောင်စောက်၊ ကံမြင့် ကန်ကျေးရွာများရှိ တိုင်းရင်းသား ပြည်သူ များအား အသက်(၁၀)နှစ်ပြည့် အမျိုးသား(၁၁)ဦး နှင့် မ(၁၀)ဦး၊ အသက် (၁၈) နှစ်အထက် အမျိူးသား(၈)ဦး၊ မ(၁၂)ဦး၊ လဲလှယ် အမျိူးသား(၂)နှင့် မ(၆) ဦး၊ မိတ္တူ အမျိုးသား(၂)နှင့် မ(၂)ဦး စုစုပေါင်း(၅၃)ဦးအား နိုင်ငံသားစီစစ်ရေးကတ် ဆောင်ရွက်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်း (၂၅)စောင်တို့အား Upgrade ပြုလုပ်ခြင်း၊ လဲလှယ်ခြင်းကို ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
စိုးမင်းထွန်း