ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မဟာထေရ်မြတ်ကြီးအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲကျင်းပ

စစ်တွေ  မေ 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရွာကြီးတောင်ရပ်ကွက် မဏိရတနာ ပရိယတ္တိစာသင်တိုက်၏ အာဒိ ကမ္မိက ဦးစီပဓာနနာယက၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ၊ (နိုင်ငံတော်သံဃမဟာနာယက-ငြိမ်း) ဖြစ်တော်မူသော အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တသောမ မဟာထေရ်မြတ်ကြီးအား တပည့်ဒကာ၊ ဒကာမများမှ ထပ်ဆင့်ဂုဏ်ပြုပွဲ၊ ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီက စစ်တွေမြို့ လောကာနန္ဒာစေတီတော် ပုရိဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို ကြွရောက်တော်မူကြသော ဆရာတော်သံဃာတော်များနှင့် ရခိုင်ပြည်နယ် စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဌ ဒေါက်တာအောင်ကျော်မင်း အမှူးပြုသောဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ပြီးဖွင့်လှစ်ကြသည်။ ဆက်လက်၍ စစ်တွေမြို့၊ ဓမ္မသုခ ကျောင်းတိုက် ပဓာနနာယက၊ ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဌ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသောမထံမှ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ အမှူးပြုသောပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဓမ္မစရိယတက္ကသိုလ်များ၏ နာယချုပ်ဆရာတော် တိပိဋ္ဌကပါဋ္ဌိ-မြန်မာအဘိဓ္ဓာန် ကျမ်းပြုအဖွဲ့ဝင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တ သုစိတ္တာဘိဝံသမှ ဂုဏပူဇာ ပတ္တနာဂါထာဖြင့်ပူဇော်ကာ သာရဏီယသမ္ဘောဒနိယဂါထာဖြင့် ချီးမြှင့်ပူဇော်သည်။ ထို့နောက် ဘဒ္ဒန္တသီဟသေနမှ အဂ္ဂါဘိဓဇဂါထာအား ဖတ်ကြားပူဇော်ပြီး စစ်တွေမြို့ အလိုတော်ပြည့်ကျောင်းတိုက် ဆရာတော်က ဆရာတော်ကြီး၏ ထေရုပ္ပတ္တိအကျဉ်းကို ဖတ်ကြားပူဇော် ကြသည်။ ယင်းနောက် နိုင်ငံတော်က ချီးမြှင်ပူဇော်သော အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်အား ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ ဒေါက်တာအောင်ကျော်မင်းနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူး ဦးစိုင်းသော်ဝင်းတို့က လည်းကောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (စစ်တွေ) ဒေသကွပ်ကဲရေးမှူးတို့က ထပ်ဆင့် ပူဇော်သော အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်အား လည်းကောင်း၊ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များအား ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များကလည်းကောင်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ထပ်ဆင့်ဂုဏ်ပြုသည့် အဘိဓဇ မဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်အား ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဥပဒေချုပ်တို့က လည်းကောင်း၊ ရသေ့တောင်မြို့ နယ်အသင်း၏ ထပ်ဆင့်ဂုဏ်ပြုသည့် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော် အား တာဝန်ရှိသူများမှ လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိနိုင်ငံကောင်စစ်ဝန်(စစ်တွေ)က ဗုဒ္ဓဂါယပုံတူ ပန်းချီအားလည်းကောင်း ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ ရခိုင်တေးသံရှင် ကိုထွန်းထွန်းက မင်္ဂလာ ပိုဒ်စုံရတုအားရွတ်ဖတ်ပူဇော်ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ တိုင်းမှူးနှင့် တာဝန်ရှိသူ များက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ထပ်ဆင့် ဂုဏ်ပြုပွဲအတွက် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ လှူဒါန်းငွေ သိန်း(၅၀)ကျပ်၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှ လှူဒါန်းငွေကျပ်(၁၃)သိန်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ)မှ လှူဒါန်းငွေကျပ် သိန်း(၃၀)၊ ဦးသိန်းရွှေနှင့် ဇနီးတို့မှ လှူဒါန်းငွေသိန်း(၃၀)၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိနိုင်ငံကောင်စစ်ဝန် (စစ်တွေ)က လှူဒါန်းငွေ ကျပ်(၁၅)သိန်းနှင့် အလှူရှင်များမှလှူဒါန်းငွေများကို ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် စစ်တွေမြို့၊ ဓမ္မသုခကျောင်းတိုက် ပဓာနနာယက၊ ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဌ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသောမထံမှ ရေစက်ချ အနုမောဒနာတရားနာကြားခဲ့ကြပြီး ဆရာတော်သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်