တာလေမြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ကျေးရွာအတွင်းလမ်း ကွန်ကရစ်ခင်းခြင်လုပ်ငန်း ဆောင်ရွက်လျှက်ရှိ

တာလေ မေ ၉ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့ နားယောင်းကျေးရွာအုပ်စုအတွင်းရှိ နားအွန်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး၊ ရွာအတွင်းသန့်ရှင်းသာယာလှပရေး၊ ရွာအဝင် အထွက်လမ်းများအား ကျေးရွာနေ ပြည်သူများသွားလာမှု အဆင်ပြေချောမွေ့စေရေးနှင့် လွယ်ကူ မြန်ဆန်စေရေးအတွက် ရွာအတွင်းလမ်း ကွန်ကရစ်ခင်းခြင်းကို ဆောင်ရွက်လျှက်ရှိသည်။ တာလေမြို့ရှိ နားအွန်ကျေးရွာ ရွာအတွင်း ကွန်ကရစ်လမ်းခင်းရန်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရန် ငွေလုံးငွေရင်း ခွင့်ပြုရန်ပိုငွေ ကျပ်သိန်း ၁၀၀ ဖြင့် လမ်းအရှည် ၈၅၀ ပေ၊ အနံ ၁၂ ပေ၊ ထုထည် ၆ လက်မရှိသောလမ်းကို ကွန်ကရစ်လမ်းခင်းခြင်းဖြစ်သည်။ ကွန်ကရစ်လမ်းခင်းခြင်းကို တာလေမြို့၊ နားယောင်းကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးဒေးဗစ် က အနီးကပ်စီမံကြီးကြပ်မှုဖြင့် ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ကျေးရွာလူထုက စုပေါင်းလုပ်အားဒါနပြု ပူးပေါင်းအားဖြင့် ၂၀၂၁ ခုနှစ်၊ ဧပြီလ၂၁ ရက်နေ့က လုပ်ငန်းများကို စတင်အကောင်အထည်ဖေါ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုတွင် ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းမှာ ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းလည်း သိရသည်။ အောင်ကျော်မိုး ( ပြန်/ဆက် )