လသာ မေ ၉
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး ဆန်းထွန်းအောင် ဦးဆောင်ပြီး ယမန်နေ့ နံနက် (၉)နာရီအချိန်တွင် လသာ မြို့နယ် အတွင်း တရားမဝင် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ ရောင်းချမှု ရှိ/မရှိ မြို့နယ် အတွင်း ဖွင့်လှစ် ရောင်းချသည့်ဆိုင်များကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်၊၊
အဆိုပါစစ်ဆေးမှုပြုလုပ်ရာတွင် လသာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဗိုလ်မှူး ဆန်းထွန်းအောင် ဦးဆောင်ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထွေးချစ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲအုပ် မျိုးမြင့်ဦး မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ကြီး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ် အောင်ကျော်သူတို့ ပါဝင်သော အဖွဲ့သည်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြရာ မြို့နယ် အတွင်း တရားမဝင်လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်ရောင်းချမှု မရှိကြောင်း သိရှိရသည်၊၊
ရန်ကုန်တိုင်း ၃၃ မြို့နယ်အတွင်း သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ တွံ့တေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ကိုကိုးကျွန်း၊ မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူးမြို့နယ်များတွင် ဆိုင်ကယ်စီးနင်းခွင့် ခွင့်ပြုထားကြောင်းနှင့် ကျန်မြို့နယ်များတွင် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်စီးနင်းမှုများကို မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့အနေဖြင့် စစ်ဆေး အရေးယူလျက်ရှိကြောင်း သိရသည်။
ထို့ပြင်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနသည် နယ်စပ်ဒေသများမှ မော်တော်ဆိုင်ကယ်တင်သွင်းရန် လိုင်စင်လျှောက်ထားမှု (ICT card အပါအဝင်) နှင့် အမှန်တင်သွင်းမှုများအား ၂၀၂၁ ခုနှစ် မေလ ၈ ရက်နေ့မှ စ၍ နောက်ထပ် ညွှန်ကြားချက် မရမချင်း ယာယီဆိုင်းငံ့သွားရန် မေလ ၈ ရက်နေ့ရက်စွဲဖြင့်သာ ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)