ဆီဆိုင် မေ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်မွန်ကျေးရွာအုပ်စု၊ ကွန်ကောင်းမှုကျေးရွာ ကုန်ထုတ်လမ်း ဆောင်ရွက်နေခြင်းအား ယမန်နေ့ နံနက် ၉ နာရီတွင် မြို့နယ်အဆင့် အရည်အသွေးစစ်ဆေးရေးကော်မတီဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ(နည်းပညာ) ဦးအောင်နိုင်ဝင်းနှင့် တာဝန်ရှိသူများ က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွန်ကောင်းမှူးကျေးရွာ ကုန်ထုတ်လမ်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေ ကျပ်(၁၄.၅)သန်းဖြင့် အရှည် ၄ ဖာလုံ အကျယ် ၃၀ ပေ၊ အမြင့် ၆ လက်မရှိ သဲဗြုန်းအမျိုးအစားဖြစ်ပြီး လမင်းမိုရ်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ လုပ်ငန်း ၇၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုန်ထုတ်လမ်းပြီးစီးပါက ကျေးရွာ(၅)ရွာမှ အိမ်ခြေ(၂၆၇)၊ လူဦးရေ(၁၅၆၆)ဦး၏ လယ်မြေဧက (၁၁၀၀) အတွက် လယ်ယာထွက်ကုန်ပစ္စည်းများကို ဈေးကွက်သို့ ကုန်ကျစရိတ်သက်သာစွာ သယ်ယူပို့ ဆောင်နိုင်မည်ဖြစ်သည့်အတွက် ကျေးရွာ၏ စီးပွားရေးဖွံ့ဖြိုးမှု လုပ်ငန်းများကို များစွာအထောက်အကူပြု မည်ဖြစ်သည်။
ခွန်ရဲထွေး(ဆီဆိုင်)