ကျိုင်းတုံ မေ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့မဈေးကြီး၌ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်အဖြစ် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး Mask Campaign ကို ယနေ့ နံနက် ၇ နာရီခွဲက ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးစိုင်းလုံစုနှင့် ကျိုင်းတုံခရိုင်/မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး ဝန်ထမ်းများက ကျိုင်းတုံမြို့မဈေးကြီးအတွင်း ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများ ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးအသိပညာပေးပြောကြားခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း Mask Campaign ကို ဆောင်ရွက်ကြသည်။
ဆက်လက်ပြီး ၂၀၂၁ ခုနှစ် မေလ ၈ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားအား ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ရုံးတွင် ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ကျန်းမာရေးအသိပညာပေး လုပ်ငန်းများနှင့် ကြက်ခြေနီ ရှေးဦးသူနာပြုစုနည်း သင်တန်းများကို ရှေ့လုပ်ငန်းစဉ်များအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ် ကြက်ခြေနီ သူနာပြု တပ်ဖွဲ့မှူး ဦးဝင်းမြတ်ထံမှသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)