မော်လမြိုင် မေ ၈
မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ မော်လမြိုင်မြို့ပေါ်ရှိ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများ သို့ (ဆန်၊ ဆီ) ဆွမ်းဆန်တော် ထောက်ပံ့လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မော်လမြိုင်မြို့ ကျိုက်ဖနဲရပ်ကွက် အဘယသုခဝါးတန်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက်၌ ကျင်းပသည်။ ရှေးဦးစွာ တက်ရောက်လာသော ဆရာတော် သံဃာတော်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး မော်လမြိုင်မြို့ အဘယ သုခဝါးတန်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက်ဆရာတော် (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသုမင်္ဂလသာမိ အရှင်သူမြတ်ထံမှ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် ဧည့်ပရိသတ် အပေါင်းတို့က ငါးပါးသီလခံယူတည်ဆောက်ကြသည်။
ထို့နောက် အဘယသုခဝါးတန်း ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတိုက်ဆရာတော်ထံ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းမှ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် (ဆန်၊ဆီ) ဆွမ်းဆန် တော်ကို ဆက်ကပ်လှူဒါန်းပြီး ကောင်စီဝင်များက သံဃာတော် အရှင်သူမြတ်များတို့အား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် မော်လမြိုင်မြို့ အဘယသုခ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက်ဆရာတော် (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသုမင်္ဂလသာမိ အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာယူကြည် ညိုကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။
ဆက်လက်၍ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ရွှေမြိုင်သီရိရပ်ကွက် ဓမ္မသုခ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတိုက်သို့ ရောက်ရှိပြီး ဓမ္မသုခကျောင်းတိုက်ဆရာတော် (အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တနာရဒ အရှင်သူမြတ်အား ဖူးမြော်ကြည်ညို၍ ဆရာတော်အား လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် (ဆန်၊ ဆီ) ဆွမ်းဆန်တော်ကို ဆက်ကပ်လှူဒါန်းသည်။ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ မော်လမြိုင်မြို့ပေါ်ရှိ အဘယသုခဝါးတန်းဘုန်းတော်ကြီး သင်ပညာရေးကျောင်းအတွက် ဆန် ၂၄ ပြည်အိတ် (၂၅)အိတ်၊ ဆီ ၁၀ ပိဿာပုံး(၅) ပုံးနှင့် ဓမ္မသုခဘုန်း တော်ကြီးသင်ပညာရေးကျောင်းအတွက် ဆန် ၂၄ ပြည်အိတ် (၇၅)အိတ်၊ ဆီ ၁၀ ပိဿာပုံး(၁၅) ပုံးတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)