ပုဗ္ဗသီရိမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့်ပျက်စီးခဲ့သည့် အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်

ပုဗ္ဗသီရိ မေ  ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် မေလ ၆ ရက်နေ့က မိုးပြင်းထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် အိမ်ထောင်စုများအတွက် ကယ်ဆယ် ရေးပစ္စည်းများနှင့် ထောက်ပံငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၈နာရီက ကျည်တောင်ကန်အုပ်စု၊ မြောက်ချောင်းကျေးရွာ၊ စာသင်ကျောင်း၌ ဆောင်ရွက်ခဲ့သည်။

နေပြည်တော် ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခဲ့မှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ထွန်းနှင့် ပုဗ္ဗသီရိမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဒေါ်ရီဝါဝင်းသိန်းနှင့် တာဝန်ရှိသူတို့က မြောက်ချောင်းကျေးရွာတွင် မိုးပြင်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ် မှုကြောင့် ပျက်စီးခဲ့သည့် လူနေအိမ် ( ၁၄ ) လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း ( ၁၇ ) မျိုးနှင့် ဆန်ရိက္ခာထောက်ပံ့ ငွေ ၁၂၈၁၀၀ ကျပ်၊ အိပ်ဆောက်ပစ္စည်းထောက်ပံ့ငွေ ၁၁၅၅၀၀၀ ကျပ် စုစုပေါင်းငွေကျပ် ၁၂၈၃၁၀၀ ကျပ် တို့အား ထောက်ပံ့ပေးခဲ့သည်။ အလားတူ ဖြုတ်ခွဲကျေးရွာ၊ လယ်သာကျေးရွာနှင့် ကျည်တောင်ကန် အမှတ်(၆)ရပ်ကွက်များတွင်လည်း မိုးပြင်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်ပျက်စီးခဲ့သည့် လူနေအိမ်များအတွက်  ထောက်ပံ့ငွေ ၂၆၃၆၀၀ ကျပ် ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)