စစ်တွေ မေ ၇
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဆေးနှင့်ဆေးပစ္စည်း ထောက်ပံ့လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ အောင်ကျော်မင်းက တိုင်းရင်းသားလူနာများကို အခြေအနေအရ တပ်မတော် ဆေးရုံများတွင် ဆရာဝန်များ၊ ဆေးတပ်သားများမှ ကျန်းမာရေး စောင့်ရှောက် မှုပေးနေ သည့် အတွက် ယခုကဲ့သို့ ထောက်ပံ့လှူဒါန်းရခြင်းကြောင်း၊ တိုင်းရင်း သားပြည်သူများကို ယခုကဲ့သို့ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့်အတွက် များစွာကျေးဇူးတင် ရှိပါကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူများ ဘေး အန္တရာယ် ကျရောက်လာသည့်အခါ တတ်နိုင်သမျှ ကူညီစောင့်ရှောက်ခြင်းကို ပြည်သူလူထုမှ လေးစားတန်ဖိုးထားကာ ကျေးဇူးတင်ရ မည်ဖြစ်ကြောင်း၊ ဘေးဒုက္ခကျရောက်သည့်အခါများတွင်လည်း တပ်မတော်မှကူညီစောင့်ရှောက် ပေးခဲ့မှုများ ကိုတွေ့ရမည် ဖြစ်ပါကြောင်း၊ အခြေအနေတစ်ခုကြောင့် ရခိုင်ပြည်နယ်တွင် အမ်းမြို့နယ်၌ ဆရာဝန်နည်းပါးခြင်းများ ရှိပါကြောင်း၊ ရခိုင်ပြည်နယ်မှ ဆရာဝန်များသည်များသည် CDM လှုပ်ရှားမှုတွင် မရှိသလောက် နည်းပါးပါကြောင်း၊ သို့သော်လည်း ခွင့်တိုင်၍ပြန်သွားသော ဆရာဝန် များသည် ခွင့်ရက်ပြည့်မြောက် သည့်အခါ အကြောင်းအမျိုးမျိုးကြောင့် ပြန်လာရန် အခက်အခဲ များရှိနေကြပါကြောင်း၊ ယခုကဲ့သို့ အခြေအနေတွင် တပ်မတော်မှ ဆရာဝန်များနှင့်ဆေးတပ်သား များက အချိန်နှင့်တပြေးညီ ကူညီ စောင့်ရှောက်ပေးကြသည့်အတွက် ဆရာဝန်များ၊ ဆေးဝန် ထမ်းများနှင့် တပ်မတော်မှတာဝန်ရှိသူ များကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းပြောကြားသည်။ ဆက်လက်၍ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဌ၊ ဒေါက်တာ အောင်ကျော်မင်းက ဆေးနှင့် ဆေးပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ထို့နောက် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးက ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းမှုအပေါ် ကျေးဇူးတင် ဝမ်းမြောက်စကားပြန်လည်ပြောကြားသည်။
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ထောက်ပံ့လှူဒါန်း သည့် ဆေးနှင့်ဆေးပစ္စည်းတန်ဖိုးမှာငွေကျပ် ၂၅၂၁၆၅၈၀ ဖိုးရှိကြောင်းသိရသည်။
တင်ထွန်း