ကျောက်တော်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းငန်းမွမ်းမံသင်တန်းဖွင့်လှစ်

 
 
ကျောက်တော် မေ ၇
 
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန်ရည်ရွယ်၍ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ လုပ်ငန်းမွမ်းမံသင်တန်းဖွ၍့်လှစ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဂစ္ဆပနဒီခန်းမအတွင်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
 
ထို့နောက် သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းက ရပ်ကွက်/ ကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအား ပိုမိုသိရှိစေရန်၊မိမိတို့အုပ်ချုပ်ရေးမှူးများအနေဖြင့် ပုံစံ(၂၇)မျိုးအား တိကျစွာ ဆောင်ရွက်တတ်စေရန်၊ ဆက်စပ်ဌာနဆိုင်ရာများ၏ လုပ်ငန်းတာဝန်များ၊ ဆောင်ရွက်ချက်များအား လည်းကောင်း၊ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စုများအတွင်း နေထိုင်သူများ၏ တာဝန်နှင့်ဝတ္တရားများ၊ အခွင့်အရေးများ သိရှိစေရန်အတွက် ယခုလိုလုပ်ငန်းမွမ်းမံသင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်း လင်းပြောကြားခဲ့သည်။ဆက်လက်၍ သက်ဆိုင်ရာဌာနများဖြစ်သည့် ကျန်းမာရေး၊ ဥပဒေ၊ လယ်ယာမြေစီမံ ခန့်ခွဲရေးဌာနတို့မှ ဦးစီးမှူးများကလည်း မိမိတို့ဌာနအလိုက် သင်ကြားပို့ချပေးမည့် ဘာသာရပ်များကို လည်း ဆက်လက်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
 
အဆိုပါ သင်တန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး (၆၉)ဦးနှင့် ကျေးရွာတာ ဝန်ခံများတက်ရောက်ကြပြီး သင်တန်း ကာလကို(၂)ပတ်ကြာဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း