ကျောက်ဖြူ မေ ၇
ရခိုင်ပြည်နယ်၊ ကျောက်ဖြူတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ကျောက်ဖြူ မြို့နယ်ရုံးသစ်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့ နံနက် (၉)နာရီက အစိုးရ ရပ်ကွက်ရှိ အဆိုပါဌာနရုံးခြံဝင်းအတွင်းတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီး ဌာန ၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မင်္ဂလာအချိန်ကျရောက်သည်နှင့်တစ်ပြိုင်နက် သက်ဆိုင်ရာ ဌာန ဆိုင်ရာ အကြီးအကဲများ က မြို့နယ်ရုံးဆိုင်းဘုတ်အား အမွှေးနံသာရည်များဖြင့် ပက်ဖျန်းဖွင့်လှစ်ခဲ့သည်။ ယင်းနောက် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူး ဦးလွှမ်းမိုးထက်မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ် ငန်းများဆောင်ရွက်ရခြင်းနှင့် မြို့နယ်ရုံးဖွင့်လှစ်ရခြင်းအကြောင်းအရာများ အားလည်းကောင်း၊ မြို့နယ် ဦးစီးမှူးက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သက်ဆိုင်သည့် ဥပဒေ၊နည်းဥပဒေများ အားလည်း ကောင်း၊ ဒုတိယဦးစီးမှူးမှ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အကြောင်း ကို power point ဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်တွင် အဆိုပါဦးစီးဌာနအနေဖြင့် ၂၀၁၉ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် ကျောက်ဖြူခရိုင်ရုံးနှင့် သံတွဲခရိုင်ရုံး၊ ၂၀၂၁ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် စစ်တွေခရိုင်ရုံးနှင့် ပုဏ္ဏားကျွန်းမြို့နယ်ရုံး၊ ၂၀၂၁ခုနှစ် မေလ ၅ ရက်နေ့ တွင် သံတွဲမြို့နယ်ရုံးနှင့် ၂၀၂၁ခုနှစ် မေလ ၇ ရက်နေ့တွင် ကျောက်ဖြူမြို့နယ်ရုံး၊ စုစုပေါင်း ခရိုင်ရုံးသုံးရုံးနှင့် မြို့နယ်ရုံးသုံးရုံးကို ဖွင့်လှစ်ပြီးဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူးထံမှ သိရှိရ သည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း