မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်သန့်ရှင်းသာယာလှပရေး ကွင်းဆင်းဆောင်ရွက်

မိုင်းယောင်း မေ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူသည် ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအားထူယာနှင့်အတူ မြို့နယ်သန့်ရှင်းသာယာလှပရေးအတွက် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၂) ဦးစိုင်းဘွန်းစီ၊ လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဦးထက်ဝေတင့်၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးစိုင်းဟိန်းလွမ်းမိုး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနိုင်မင်းနှင့် မြို့မိမြို့ဖများ လိုက်ပါ၍ မြို့နယ်သန့်ရှင်းသာယာလှပရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှိုက်စွန့်ပစ်မြေနေရာ ဖော်ထုတ်နိုင်ရေး ကွင်းဆင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း