ရန်ကုန် မေ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း လျှပ်စစ်အန္တရာယ်မဖြစ်ပေါ်စေ ရေး၊ လျှပ်စစ်ဓာတ်အားစနစ် ပိုမိုကောင်းမွန် တည်ငြိမ်မှုရှိပြီး ဗို့အားပြည့်ဝစွာ အသုံးပြုနိုင်ရေးနှင့် လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲလာမှုအပေါ် လုံလုံလောက်လောက် ဖြန့်ဖြူးပေးနိုင်စေရေးအတွက် မြို့နယ်လျှပ်စစ်ဌာနအနေဖြင့် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်း မိုးတွင်းအခါ၌ လျှပ်စစ်ဓာတ်အားလိုင်းကြိုးများအပေါ် သစ်ပင်သစ်ကိုင်းများ ကျိုးကျ သဖြင့် လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မြို့နယ်လျှပ်စစ်ဌာနမှ ဝန်ထမ်းများက တာမွေမြို့ နယ် မေတ္တာညွန့်ရပ်ကွက်အတွင်းရှိ လမ်းများတွင် လျှပ်စစ်ဓာတ်အား လိုင်းကြိုးများနှင့် မလွတ်ကင်း သည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းပေးခဲ့ကြသည်။
ထိုကဲ့သို့ မြို့နယ်အတွင်း လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်ပေးမှုအပေါ် ရပ်ကွက် နေ ပြည်သူတစ်ဦးကလည်း "ယခုလို လျှပ်စစ်ဓာတ်အားလိုင်းကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းပေးတာဟာ မြို့နယ်အတွင်းနေထိုင်ကြတဲ့ ပြည်သူတွေအတွက် အရမ်းကောင်းမွန်တဲ့ ဝန်ဆောင်မှုတစ်ခုပါ။ မိုးတွင်းကာလတွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း များ တိုက်ခတ်လေ့ရှိတာကြောင့် လျှပ်စစ်ဓာတ်အား လိုင်းကြိုးများအပေါ် သစ်ပင်သစ်ကိုင်းများ ပြိုလဲ၊ ကျိုးကျမှုတွေကလည်း မြို့နယ်အတွင်း မကြာခဏ ဆိုသလို ဖြစ်ပေါ်လေ့ရှိတာကြောင့် လျှပ်စစ် ဓာတ်ကြိုးတွေ ပြတ်တောက်ပြီး လျှပ်စစ်အန္တရာယ် ဖြစ်ပွားမှုများ ရှိနိုင်သည့်အတွက် ရပ်ကွက်နေပြည်သူ တွေအဖို့ သွားရေးလာရေးတွင် အမြဲတမ်းသတိထားပြီး သွားလာနေရပါတယ်။ ယခုလို မြို့နယ်လျှပ်စစ် ဌာနအနေနဲ့ လျှပ်စစ်ဓာတ်အားလိုင်းကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းတွေကို ခုတ်ထွင် ရှင်းလင်းပေးခြင်းအားဖြင့် လျှပ်စစ်အန္တရာယ် ဖြစ်ပေါ်မှုကို ကြိုတင်ကာကွယ်ရာလည်း ရောက်ပါတယ် " ဟု ပြောကြားသွားကြောင်း သတင်းရရှိသည်။
နိုင်လင်းအောင်(ပြန်/ဆက်)