မော်လမြိုင် မေ ၇
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ ကောင်စီဝင် ဦးအောင်ကြည်သိန်း နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတို့သည် ယမန်နေ့မွန်းလွဲ ၁ နာရီက ချောင်းဆုံမြို့နယ် ဘိုးနက်ကျေးရွာသို့ သွားရောက်၍ အသားတိုး ဝက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုခဲ့ သည်။
ထို့သို့ ကွင်းဆင်းကြည့်ရှုရာတွင် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့အား မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာ နီနီမော် နှင့် အသားတိုးဝက်မွေးမြူရေးလုပ်ငန်း ရှင်တို့က အသားတိုး ဝက်မွေး မြူရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ ဈေးကွက်အခြေအနေနှင့် ဇီဝ လုံခြုံမှုအခြေအနေတို့အား ရှင်းလင်းတင်ပြပြီး တင်ပြချက်များအပေါ် မွန် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်တို့က လမ်းညွှန် မှာကြားသည်။
ထို့နောက် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဒေါက်ရပ် အရှေ့ကျေးရွာ ကွင်းအမှတ် (၆၄၅(က)၊ ၆၄၆) လယ်ယာမြေ အဆင့်မြှင့်တင် ခြင်း (စနစ်တကျလယ်မြေ) (၄၃၂.၃၅) ဧက ဖော်ထုတ်ခြင်းလုပ်ငန်း အခြေ အနေအား ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး ကျေးရွာနေပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်းသိရသည်။
ဝေလင်းအောင်