မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ (ဖလား) (၁၀) မြို့နယ် အသက် (၂၁) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

မော်လမြိုင် မေ ၆

မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ (ဖလား) (၁၀) မြို့နယ် အသက် (၂၁) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မော်လမြိုင်မြို့ Southern Myanmar ဘောလုံးကွင်း၌ ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ကောင်စီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ၁၀ မြို့နယ်မှ ဘောလုံးအားကစားသမားနှင့် နည်းပြများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ (၁၀)မြို့နယ်မှ ပြိုင်ပွဲဝင်အားကစားသမားများက ဘင်ခရာအဖွဲ့ဖြင့် ကွင်းအတွင်းသို့ ချီတက်နေရာယူပြီး ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ကို ရွတ်ဆိုကြ သည်။

ထို့နောက် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက ပြိုင်ပွဲအဖွင့်မိန့်ခွန်း ပြောကြားရာတွင် “မွန်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ မွန်ပြည်နယ် တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံမှ ဆောင်ရွက်နေသလို အားကစားကဏ္ဍကိုလည်း အဆင့်မြင့်မားလားအောင် ပံ့ပိုးဆောင်ရွက် သွားမှာဖြစ်ပါကြောင်း၊ မွန်ပြည်နယ် (၁၀)မြို့နယ် အမျိုးသားဘောလုံး ပြိုင်ပွဲကျင်းပရခြင်းမှာ မြို့နယ်အဆင့်/ ခရိုင်အဆင့်မှသည် မွန်ပြည်နယ် လက်ရွေးစင် ဘောလုံး အားကစားသမားများ ထွက်ပေါ်လာစေရန်၊ ဘောလုံး အားကစားနည်းကို လူအများစိတ်ဝင်စားပြီး ပါဝင်လာခြင်းဖြင့် မွန်ပြည်နယ်ဘောလုံးအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဘောလုံးပြိုင်ပွဲများ တွင် မွန်ပြည်နယ်ဘောလုံးအသင်း အောင်မြင်မှုရရှိစေရန်၊ မြန်မာ့လက်ရွေးစင် ဘောလုံး အားကစားသမားများ မွန်ပြည်နယ်မှ မွေးထုတ်ပေးနိုင်ရန် စတဲ့ရည်ရွယ် ချက်ကောင်းတွေနဲ့ ကျင်းပပေးရခြင်း ဖြစ်ပါကြောင်း” ပြောကြားသည်။

ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များသည် ပြိုင်ပွဲဝင်အသင်း သားများအား လိုက်လံနှုတ်ဆက်ပြီး ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမား များ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကာ ပွဲစဉ်(၁)အဖြစ် အုပ်စု(က)မှ ပေါင်မြို့နယ်အသင်းနှင့် ကျိုက်မရော မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကြရာ တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျခဲ့ သည်။

အဆိုပါ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ(ဖလား) (၁၀)မြို့နယ် အသက် (၂၁) နှစ် အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို မေလ ၅ ရက်နေ့မှ မေလ ၂၁ ရက်နေ့အထိ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

ဝေလင်းအောင်