ပေါ်ကုန်း - ကညွတ်ကုန်း - တကလှဲ့ ကျေးရွာချင်းဆက် မြေသားလမ်း ဆောင်ရွက်ပြီးစီး

 

တွံတေး  မေ

ကျေးလက်နေပြည်သူများကျေးရွာတစ်ရွာနှင့်တစ်ရွာ သွားလာရာတွင်အခက်အခဲမဖြစ် ပေါ်စေရေး  ရေလမ်းကို အဓိကထား သွားလာရသောကျေးရွာများ ရာသီမရွေးသွားလာနိုင်သည့် လမ်းဖြစ်လာစေရေး အတွက် ရန်ကုန်တိုင်း ဒေသကြီး ၊တွံတေးမြို့နယ် ကျေးလက်လမ်းဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပေါ်ကုန်း - ကညွတ်ကုန်း - တကလှဲ့ လမ်းကိုဆက်သွယ်ထားသောကျေးရွာချင်းဆက်မြေသား လမ်းကို၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဖောက်လုပ်ပြီး ခဲ့ကြောင်း သိရှိရသည်။

အဆိုပါမြေသားလမ်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံဖြိုးတိုးတက် ရေးဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၏ခွင့်ပြုရန်ပုံငွေကျပ် ( ၁၀၂.၉၃၈) သန်း ဖြင့် မြေသားလမ်း အရှည်  ( /.၁မိုင်) အကျယ်၁၈ ပေ၊ထု ၃ပေ မြေသားလမ်းကို တွံတေးတောကြီးတန်မိသားစုကုမ္ပဏီမှ တာဝန်ယူ ဖောက်လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။ 

ယင်းမြေသားလမ်းပြီးစီးသွားသည့်အတွက် ပေါ်ကုန်းမှကညွတ်ကုန်း ၊တကလှဲ့ကျေးရွာ များသို့  ကျေးလက်နေ ပြည်သူများတစ်ရွာနှင့်တစ်ရွာ အလွယ်တကူသွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။ ကြည်တန်ကျေးရွာ အုပ်စု၊ တကလှဲ့ကျေးရွာအုပ်စုရှိကျေးရွာအိမ်ထောင်စု(၁၀၀၀) နီးပါး မှလူဦးရေ (၄၀၀၀)ခန့်မှာ အဆိုပါ ကျေးရွာ ချင်းဆက်လမ်းမှလူမှုရေး၊ ပညာရေး၊ကျန်းမာရေး၊စီးပွားရေး များအဆင်ပြေချောမွေ့စွာသွားလာနိုင်သည့်အပြင် တောင်သူဦးကြီး များ၏ဒေသကုန်ထုတ်လမ်းအဖြစ် အဓိကလမ်းတစ်ခုဖြစ်လာတော့မည်ဖြစ်ကြောင်းဒေသခံ ဦးညွန့်သန်း ထံမှသိရှိရသည်။

မျိုးလှိုင် ( တွံတေး)