ရန်ကုန် မေ ၆
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာ ဖွံဖြိုး တိုးတက်ရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးနှင့်တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်လင်းသန်းနှင့်တာဝန်ရှိသူများသည် ရန်ကုန်တောင်ပိုင်းခရိုင် ကျေးလက်ဒေသ ဖွံံ့ဖြိုး တိုးတက် ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူနှင့်အတူ သန်လျင်မြို့နယ် ကျေးလက်ဒေသ ဖွံံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ခေါ်ခင်နှင်းချိုနှင့် ဝန်ထမ်းများလိုက်ပါလျက် သန်လျင်မြို့နယ် ချောင်းစောက် ကျေးရွာအတွင်း ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ အခြေခံ အပ်ချုပ် စက် သင်တန်း ဖွင့်လှစ်သင်ကြားပေးနေမှုအား ကြည့်ရှုစစ်ဆေးပြီး သင်တန်းနည်းပြ ဆရာမ များနှင့် သင်တန်း သူများအား တွေ့ဆုံအားပေး စကားပြော ကြားကာ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်လင်းသန်းနှင့် တာဝန်ရှိသူများသည် အဆိုပါ ချောင်းစောက်ကျေးရွာအတွင်း ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)ဖြင့် အရှည် ၅၁၀ ပေ၊ အကျယ် ၁၀ ပေ၊ အမြင့် ၇ လက်မ ရှိ ရွာပတ်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေးပြီး ရန်ကုန် တောင်ပိုင်းခရိုင် ကျေးလက်ဒေသဖွံံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်နှင့်မြို့နယ် ဦးစီးမှူး များနှင့် ဝန်ထမ်းများအားတွေ့ဆုံ၍ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး လုပ်ငန်းလမ်းညွှန်ချက်များအား ရှင်းလင်း မှာကြားခဲ့ကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)