ရန်ကုန် မေ ၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ကျန်းမာရေးကောင်းမွန်စွာ နေထိုင်နိုင်ရန် ရည်ရွယ်၍ ကြက်ခြေနီအသင်း(အင်းစိန်)မှ (၂၄)နာရီ လူနာတင်ယာဉ်ကား(၂)စီးဖြင့် နေ့စဉ် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ ဝါဦး(၂)လမ်းတွင် အမျိုးသမီးတစ်ဦး ပေါင်ရိုးကျိုးလူနာနှင့် အောင်ဆန်းရပ်ကွက်တွင် အမျိုးသားတစ်ဦး ဦးနှောက်သွေးကြောပေါက်ရောဂါ ဆေးရုံရက်ချိန်းပြရန် အကူအညီတောင်းခံလာပါသဖြင့် ယမန်နေ့ နေ့လယ်(၂)နာရီအချိန်က အင်းစိန်မြို့နယ်၊ကြက်ခြေနီ အသင်း၊ တပ်ဖွဲ့မှူး ဦးနီထွန်းနှင့် ကြက်ခြေနီစေတနာ့ လုပ်အားရှင်များက လူနာတင်ယာဉ်ကား(၂)စီဖြင့် သွားရောက်၍ ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပြီး သီရိစန္ဒာဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းမှ လစဉ် (၂၁)ရက်နေ့မှ လကုန်အထိ အင်းစိန်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသူ သက်ကြီးဘိုးဘွားများကို ကျန်းမာရေးစောင့် ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)